The immunity test

The immunity test

သင့်ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို အကောင်းဆုံးအနေအထားမှာ ထားရှိရာတွင် သင့်ကိုယ်ခံအားစနစ်၏ အင်အားအခြေအနေ မည်မျှရှိသည်ကို သိရှိရန် အရေးကြီးပါသည်။ ယခုအခါ MEDEZE တွင် လွယ်ကူစွာ သွေးစစ်ဆေးခြင်းဖြင့် ကိုယ်ခံအားစနစ်၏ အညွှန်းပြဖြစ်သည့် သင်၏ Natural Killer (NK) cell activity ကို သိရှိနိုင်ပါပြီ။။

How it works

အန္တရာယ်ပေးနိုင်သော မူမမှန်ဆဲလ်များကို သင့်ခန္ဓာကိုယ်မှ ကောင်းမွန်စွာ ခုခံကာကွယ်ပေးနိုင်မည်လားကို အဆုံးအဖြတ်ပေးနိုင်ရန် ကျွန်ုပ်တို့ MEDEZE မှ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်၏ အချက်အချာတစ်ခုဖြစ်သည့် Natural Killer (NK) Cell activity ကို တိုင်းတာပေးသည်။ လက်မောင်းသွေး (၁) စီစီ ခန့်သာလိုအပ်သဖြင့် လွယ်ကူစွာ စစ်ဆေးနိုင်ပါသည်။

ပြင်ပဆဲလ်များ ဝင်ရောက်လာချိန်တွင် သင့် NK Cells များက ကောင်းမွန်စွာ ခုခံနိုင်စွမ်း ရှိ၊မရှိကို သင့်သွေးနမူနာအား Medeze ဓာတ်ခွဲခန်းသို့ယူဆောင်ကာ စစ်ဆေးပေးသည်။ ထိုစစ်ဆေးမှုပြီးမြောက်ရန် (၇၂) နာရီလိုအပ်သည်။ NK Cell activity သိရှိခြင်းဖြင့် သင့်ခန္ဓာကိုယ်၏ မိမိကိုယ်ကို ခုခံနိုင်မှုကို သိရှိပြီး ဆရာဝန်များက သင့်တွင် ရောဂါများ၊ ကင်ဆာများ ဖြစ်ပွားနိုင်ချေရှိ၊မရှိကို အကဲဖြတ်ပေးနိုင်မည်။

Outcomes and next steps

သင့်ခန္ဓာကိုယ် ကိုယ်ခံအား အဖြေရရှိပြီးနောက် သင့်တွင်ကြုံတွေ့နိုင်သော ကျန်းမာရေးအန္တရာယ်များကို ရှင်းလင်းစွာ သိရှိနိုင်ပေမည်။ NK Cell Activity ရလဒ် မကောင်းခြင်းက ရောဂါရှိခြင်း၊ ကင်ဆာရှိခြင်းကို အဆုံးအဖြတ်မပေးနိုင်သော်လည်း ထိုရောဂါများရှိပါကလည်း NK Cell Activity နည်းပါးနေနိုင်သဖြင့် သင်၏ဆရာဝန်က သင့်ကျန်းမာရေးအတွက် လိုအပ်သော စစ်ဆေးရန် ရှိသည်များကို အကြံပေးေ ဆွေးနွေးပေးပါလိမ့်မည်။

NK activity နည်းနေပါက သင့်ခန္ဓာကိုယ် ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်စေရန် NK cell ကုသမှုကို MEDEZE တွင်ဆောင်ရွက်နိုင်ပါသည်။

NK activity မြင့်မားနေပါကလည်း NK Cells ၏ အရည်အသွေး ပိုမိုကောင်းမွန်စေရန် ကုသမှုပြုလုပ်နိုင်ပါသေးသည်။ သင့်ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စွာထိန်းသိမ်းထားခြင်းဖြင့် ရောဂါများဝင်ရောက်လာပါက အဆင်သင့် အနေအထားဖြင့်တိုက်ထုတ်နိုင်ပြီး သင့်အားသက်ရှည်ကျန်းမာမှုကို ပေးစွမ်းပါလိမ့်မည်။

Highly Active NK cell therapy

သင့်ခန္ဓာကိုယ် ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်စေရန် MEDEZE က Highly Active NK Cells များဖြင့် ကုသမှုပေးပြီး သင့်ခန္ဓာကိုယ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါမည်။

How it works

MEDEZE မှ နောက်ဆုံးပေါ် တီထွင်ဖော်ထုတ်ထားသော နည်းလမ်းဖြင့် သင့်ခန္ဓာကိုယ်၏ ကိုယ်ပိုင် NK Cells များကို ပွားများပေးခြင်း နှင့် ထိုဆဲလ်များကိုလှုံ့ဆော်ပေးခြင်းဖြင့် ဆဲလ်များ၏ အမြင့်မားဆုံး စွမ်းဆောင်ရည်ကိုရရှိနိုင်ပါသည်။ ထိုဆဲလ်များကို အသုံးပြုခြင်းဖြင့် သင့်ခန္ဓာကိုယ်၏ သဘာဝ ရောဂါကာကွယ်နိုင်စွမ်းအားကိုလည်း အားကောင်းစေသည်။ ထို့ကြောင့်ပင် NK Cells ကုသမှုသည် ရောဂါများ၊ နာမကျန်းဖြစ်မှုများ၊ အသက်အရွယ်ကြီးရင့်လာမှုများ၊ စိတ်ဖိစီးမှုများကြောင့် အားနည်းလာသော ကိုယ်ခံအားစနစ်ကို ပြန်လည် ကျန်းမာသန်စွမ်းလာစေပါသည်။

ထိုကုသမှုအတွက် အချိန် ရက်သတ္တ နှစ်ပတ် နှင့် ကုသမှုတစ်ကြိမ်အတွက် လက်မောင်းသွေး (၃ဝ) မှ (၃၅) မီလီလီတာခန့်သာ လိုအပ်ပြီး ထိုကုသမှုသည် အခြားကုသမှုများကဲ့သို့လည်း ဆေးရုံတက်ရောက်ရန်မလိုအပ်ပေ။ ကုသမှုသည် လွယ်ကူ လျင်မြန်ပြီး အကျိုးသက်ရောက်မှုအားကောင်းစေပါသည်။

Outcomes and benefits

ကင်ဆာနှင့် အခြားရောဂါများကို ကာကွယ်ရန် အရေးကြီးသည်မှာ သင့်ခန္ဓာကိုယ် ကိုယ်ခံအားစနစ်၏ ကာကွယ်နိုင်စွမ်းကို မြှင့်တင်ထားခြင်းပင်ဖြစ်သည်။ ကိုယ်ခံအားကျဆင်းလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ သဘာဝအကာအကွယ်များကို ကျော်ဖြတ်ပြီး ကင်ဆာရောဂါများ ဖြစ်ပွားလာနိုင်သည်။

သင့်ခန္ဓာကိုယ် ကိုယ်ခံအားစနစ်တွင် NK Cell Activity များ ထပ်မံဖြည့်တင်းလိုက်ခြင်းဖြင့် မူမမှန်ဆဲလ်များ၊ ပုံပြောင်းဆဲလ်များ ကို လျော့ကျသွားစေပြီး ကင်ဆာဖြစ်ပေါ်လာမှုကို ကာကွယ်ပေးပါသည်။ ကင်ဆာကုသမှု ရယူထားခြင်း၊ ဓာတ်ရောင်ခြည်ကုသမှု ခံယူထားခြင်း တို့ကြောင့် ပျက်စီးသွားသော ခန္ဓာကိုယ် ကိုယ်ခံအားစနစ် ကိုလည်း ပြန်လည်တည်ဆောက်ပေးပါသည်။

သင်၏ NK Cell Activity ကို မြှင့်တင်ထားခြင်းသည် သင့်အား ကင်ဆာရောဂါနှင့် အခြားသောရောဂါများမှ အကာအကွယ်ပေးရာတွင် ကူညီနိုင်မည်ဖြစ်ပြီး သက်ရှည်ကျန်းမာ ပျော်ရွှင်သောဘဝကို ဖြည့်စွမ်းပေးနိုင်ပါလိမ့်မည်။

Find your nearest clinic

သက်ရှည်ကျန်းမာသော ဘဝခရီးလမ်းကို လျှောက်လှမ်းရန် ကျွန်ုပ်တို့၏ ကမ္ဘာ့အဆင့်မီ ဆေးခန်းများသို့ လာရောက်၍ စတင်လိုက်ပါ။

Find your nearest clinic

or

Start your journey

သင့် ခန္ဓာကိုယ်ခုခံအားစနစ်၏ အရည်အသွေးကို စစ်ဆေးရန် တစ်ဆင့်သာကျန်ပါသည်။ အခုပဲရက်ချိန်းယူပြီး သင့်ကျန်းမာရေးတွင် ရင်းနှီးမြုပ်နှံလိုက်ပါ။

Book a test appointment

You may also be interested in

Immune booster supplements

“Immune Optimum supplement” အာဟာရဖြည့်စွက်စာ ဆေးဝါးများဖြင့်လည်း သင်၏ ကိုယ်ခံစွမ်းအားများကို မြင့်တင်လိုက်ပါ။

Learn more