Natural Killer cells are

Your body's first line of defence

The average adult produces around 5,000 cancerous cells every day.

ကင်ဆာဆဲလ်များကို တိုက်ထုတ်ရန် ခန္ဓာကိုယ်မှ Natural Killer Cells များကိုထုတ်ပေးသည်။ ထိုဆဲလ်များသည် ခန္ဓာကိုယ်၏ ရှေ့တန်းတိုက်စစ်သမားများဖြစ်ပြီး ကင်ဆာဆဲလ်များဖြစ်ပေါ်လာခြင်း နှင့် ပြန့်ပွားခြင်းများကို တားဆီးခြင်းအတွက် အကောင်းဆုံး ဖြေရှင်းမှုပင်ဖြစ်သည်။

တစ်ခါတစ်ရံတွင် ထို NK Cells များ စွမ်းဆောင်ရည်ကျလာခြင်း နှင့် အရေအတွက်နည်းပါးလာခြင်းတို့ဖြစ်ပေါ်သည်။ အထူးသဖြင့် ကိုယ်ခံအားစနစ် ယိုယွင်းနေချိန်တွင်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး သက်ရှည်ကျန်းမာသော ဘဝကို ဖန်တီးပေးနိုင်ရန်အတွက် MEDEZE အနေဖြင့် NK Cells ကုသမှုများကို ထူထောင်ခဲ့ခြင်းဖြစ်ပါသည်။

My video
My video
My video
My video
01

The immune system

လူဟူ၍ဖြစ်လာလျှင် ရောဂါပိုးမွှားများ၊ ဗိုင်းရပ်စ်များ နှင့် လုံးဝကင်းဝေးစွာ နေထိုင်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့်လည်း သင့်ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်များကို ထုတ်ပေးကာ ရောဂါများကို ကာကွယ်ခြင်းနှင့် တိုက်ထုတ်ခြင်းများကို ပြုလုပ်ပေးသည်။

သင့်ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်တွင် သွေးဖြူဥ အမျိုးအစား ရှစ်မျိုးခန့်ရှိသည်။ Neutrophils, Eosinophils, Basophils, Monocytes နှင့် Lymphocytes အစရှိသည်ဖြင့်

ကိုယ်ခံအားစနစ်မှ Lymphocytes ကို ထုတ်လုပ်ပြီး သင့်ခန္ဓာကိုယ်အား ဗိုင်းရပ်စ်များ၊ ရောဂါပိုးများ၊ ကင်ဆာဖြစ်လာနိုင်သော ဆဲလ်များ နှင့် ပြင်ပမှ ဝင်ရောက်လာသော ဆဲလ်များမှ ကာကွယ်ပေးသည်။ ၄င်းသည် ဆဲလ်များအတွင်းရှိ Antigen ကိုစစ်ဆေးပြီး ရောဂါကူးစက်ခံရသောဆဲလ်များ နှင့် ကင်ဆာဖြစ်လာနိုင်သော ဆဲလ်များကို ဖျက်စီးပေးသည်။ Lymphocytes ဆဲလ်တွင် အဓိက ဆဲလ်မျိုးကွဲပေါင်း (၃) မျိုးရှိသည်။

T cells - ကူးစက်ခံရသောဆဲလ်များကို တိုက်ဖျက်ရာတွင် ကူညီပေးသည်။ ထို့ပြင် အခြား ကာကွယ်ရေးဆဲလ်များကိုလည်း ခန္ဓာကိုယ်တွင် ရောဂါပိုးဝင်ရောက်နေကြောင်း အကြောင်းကြားသည်။

B cells - ခန္ဓာကိုယ်တွင်း ကာကွယ်ရေးအတွက် Antibodies များကို ထုတ်လုပ်ပေးသည်။ နောက်ပိုင်းတွင်လည်း ထိုဝင်ရောက်ဖူးသော ရောဂါများ ထပ်မံမဝင်ရောက်စေရန် ကြာရှည်စွာကာကွယ်ပေးသည်။

NK cells - သင့်ခန္ဓာကိုယ်ရှိ သွေးထဲတွင် လှည့်လည်သွားလာနေပြီး ကင်ဆာဆဲလ်များ၊ ဗိုင်းရပ်စ်ပိုးများ တွေ့ရှိပါက ဖျက်ဆီးပေးသည်။

Next

Legend
02

What are natural killer cells?

Natural Killer cells (or NK cells) များသည် ခန္ဓာကိုယ် ခုခံအားစနစ်၏ အထိရောက်ဆုံး ကာကွယ်မှုများထဲမှ တစ်ခုဖြစ်သည်။ သွေးကြောထဲတွင် လှည့်လည်သွားလာကာ ကင်ဆာဆဲလ်များ၊ ဗိုင်းရပ်စ် ကပ်ငြိနေသောဆဲလ်များကို ရှာဖွေသည်။ ထို့နောက် တွေ့ရှိပါက ထိုဆဲလ်များ၏ ပတ်ပတ်လည်တွင် နေရာယူကာ ရောဂါပိုးပါသောဆဲလ်များ၏ အပေါ်ယံလွှာကို ဖျက်စီးသည့် ဓာတ်ကိုထုတ်ပေးပြီး ထိုဆဲလ်ကို အလုံးစုံ ပေါက်ကွဲပျက်စီးစေသည်။

Next

Legend
03

Cancer and immunity

လူ့ခန္ဓာကိုယ်တွင် ဆဲလ်အရေအတွက်ပေါင်း (၆ဝ) trillion ခန့်သည် ဆဲလ်များပွားများခြင်း၊ ကြီးထွားခြင်း၊ ပြန်လည်ပြုပြင်ခြင်းများကိုပြုလုပ်ကာ သင်၏ ကျန်းမာရေးအတွက် ဆောင်ရွက်နေကြသည်။ ဆဲလ် သန်းပေါင်းများစွာသည် အချိန်နှင့်အမျှ ပွားများနေကြရာတွင် အချို့ဆဲလ်များသည် မှားယွင်းစွာ ပွားများမိတတ်ကြသည်။ ထိုအခါတွင် ကင်ဆာဆဲလ်များအဖြစ် အစပြုလာသည်။ ကိုယ်ခံအားစနစ် ကောင်းမွန်နေစဉ်တွင် ထိုအခြေအနေသည် စိုးရိမ်ဖွယ်ရာမရှိပေ။ ကောင်းမွန်သော ကိုယ်ခံအားစနစ်ရှိခြင်းဖြင့် ကင်ဆာရောဂါသည် ကြောက်မက်ဖွယ်ရာဟုမဆိုပေ။ အဘယ်ကြောင့်ဆိုသော် သင့်ခန္ဓာကိုယ်၏ သဘာဝခုခံအားစနစ်က ထိုမူမမှန်သောဆဲလ်များကို အလိုအလျောက် ချေမှုန်းသွားသောကြောင့် ဖြစ်သည်။

Next

Legend
04

The importance of active NK cells

အသက်အရွယ်ကြီးရင့်လာခြင်း၊ စိတ်ဖိစီးမှုများလာခြင်းတို့က သင့်ခန္ဓာကိုယ်ရှိ NK Cells များ၏ စွမ်းဆောင်ရည်ကို ကျဆင်းစေသည်။ ထို့ကြောင့် သင့်ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် ယိုယွင်းလာပြီး မူမမှန်သော ဆဲလ်များကို မတားဆီးနိုင်တော့ဘဲ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော ကင်ဆာရောဂါများအဖြစ် ပေါ်ထွန်းလာသည်။

ကျန်းမာသော လူတစ်ယောက်တွင်မူ ကင်ဆာဆဲလ်များကို NK Cells များက ကြိုတင်သိရှိပြီး အန္တရာယ်မဖြစ်ပေါ်မီမှာပင် ထို NK Cells များက အလွယ်တကူ ချေမှုန်းလိုက်သည်။

ခန္ဓာကိုယ်တွင်း NK Cells အရေအတွက် အမြောက်အများရှိခြင်းသည် ခန္ဓာကိုယ်၏ ခုခံအားစနစ် ကောင်းမွန်တောင့်တင်းခြင်းကို ပြသနေသည်။ ခုခံအားစနစ် ကောင်းလေလေ သင့်တွင် ရောဂါဖြစ်နိုင်ချေ နည်းလေလေပင်ဖြစ်သည်။

Controlling your NK cell activity

သင့်ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် မည်မျှကောင်းမွန်သည်ကို သိရှိနိုင်စေရန် NK Cells ၏ စွမ်းဆောင်ရည်ကို တိုင်းတာနိုင်သော ဓာတ်ခွဲစစ်ဆေးခြင်းကို ကျွန်ုပ်တို့ MEDEZE အနေဖြင့် အရှေ့တောင်အာရှတွင် ပထမဦးဆုံးအနေဖြင့် စတင်မိတ်ဆက်လိုက်ပါပြီ။ ထိုသို့စစ်ဆေးခြင်းဖြင့် သင့်ခန္ဓာကိုယ်မည်မျှ ကျန်းမာသည် နှင့် ရောဂါဖြစ်နိုင်ချေရှိသည်၊ မရှိသည်ကို သိရှိနိုင်မည်ဖြစ်သည်။

NK cell test and treatment

NK cell test and treatment

သင့်ခန္ဓာကိုယ် ကိုယ်ခံအား မည်မျှရှိသည်ကို စစ်ဆေးပုံနှင့် ကိုယ်ခံအား တိုးတက်လာစေရန် ကျွန်ုပ်တို့ MEDEZE တွင် သင်မည်သို့ ပြုလုပ်နိုင်ပုံကို လေ့လာရန်။

Learn more
Immune optimum

Immune optimum

သင့်ခန္ဓာကိုယ် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန်အတွက် Immune Optimum Supplement

Learn more

Our branches

Medeze ဆေးခန်းများကို ရွေးချယ်ခြင်းဖြင့် ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှု နှင့် အမြင့်မားဆုံး မူပိုင်နည်းပညာ ရရှိစေရန် ကျွန်ုပ်တို့က အာမခံပါသည်။ သင့်ကျန်းမာရေးအတွက် အကောင်းတကာ့ အကောင်းဆုံးဝန်ဆောင်မှုများကို ပေးအပ်နိုင်သည့်အတွက် ကျွန်ုပ်တို့ ဂုဏ်ယူမိပါသည်။

Find your nearest clinic

About Medeze

သင်၏ ကျန်းမာရေးကို ထိန်းသိမ်းနိုင်ခြင်းဖြင့် သင့်အနာဂတ် ကံကြမ္မာကို ထိန်းချုပ်နိုင်သော မာစတာတစ်ယောက် ဖြစ်နိုင်သည်။ နှစ်ပေါင်းများစွာ သုတေသနပြုခြင်း၊ အတွေ့အကြုံများနှင့် တစ်ဟုန်ထိုး တိုးတက်လာသော ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်ခြင်းဖြင့် သင့်အနာဂတ်ကို သင်ကိုယ်တိုင် မကြုံစဖူး ထိန်းချုပ်နိုင်ရန်အတွက် Medeze က ယူဆောင်လာပေးမည် ဖြစ်သည်။

Learn more